စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် မြို့နယ်ပညာရေးမှူးရုံး တည်ဆောက်မှုလုပ်ငန်း (၉၃) ရာခိုင်နှုန်းကျော်ပြီးစီး

မြင်းမူ စက်တင်ဘာ ၁၆

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်တောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် တည်ဆောက်လျက်ရှိသော မြို့နယ်ပညာရေးမှူးရုံးအသစ် တည်ဆောက်ရေး လုပ်ငန်းမှာ  ယခုအခါ  (၉၃) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

ယခုတည်ဆောက်လျက်ရှိသော မြို့နယ်ပညာရေးမှူးရုံး အဆောက်အဦမှာ အလျှားပေ (၇၀) နှင့် အနံပေ (၃၀)ရှိ RCC(၂) ထပ် အမျိုးအစားဖြစ်ပြီး၊ ပြည်တောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုငွေ ကျပ်(၉၇ဒဿမ၆၅)သန်းဖြင့်  Myanmar Erector ဆောက်လုပ်ရေး လုပ်ငန်းမှ   တာဝန်ယူကာ တည်ဆောက်နေခြင်း ဖြစ်ကြောင်း၊ ယခုအခါ လုပ်ငန်းများ အချောသတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၍၊ အနည်းငယ်သာ ကျန်ရှိတော့ကြောင်း၊ တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ ဦးကျော်ဟန်ထံမှ သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)