မိုင်းဖြတ်၌ ကုန်ထုတ်လမ်းနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများဆောင်ရွက်နိုင်ပေးရေး ကွင်းဆင်းစစ်ဆေးတိုင်းတာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကုန်ထုတ် လမ်းဖောက်လုပ်ခြင်းနှင့် သောက်သုံးရေရရေးလုပ်ငန်းဆောင်ရွက်ပေးနိုင်ရေးအတွက် စက်တင်ဘာလ ၁၆ရက် နံနက် ၉ နာရီအချိန်ခန့်က ကွင်းဆင်းစစ်ဆေးတိုင်းတာမှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အဝင်/အထွက်ဂိတ်တွင် စစ်ဆေးမှုများ ၂၄ နာရီ အချိန်တိုးမြှင့် ဆောင်ရွက်

ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် မြို့အဝင်/အထွက်ဂိတ်အား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့မှ စတင်၍ အချိန်တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။

တီးတိန်၌ တရားမဝင်တင်သွင်း ရောင်းချနေသည့် နိုင်ငံခြားအရက်အမျိုးမျိုးတို့အပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်စေခြင်း လုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ တရားမဝင်တင်သွင်းရောင်းချနေသည့် နိုင်ငံခြားအရက်အမျိုးမျိုးတို့ အပေါ် အခွန်အမှတ် တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နေ့လယ် ၁၁ နာရီခွဲက တီးတိန်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်သည်။

ကော့ကရိတ်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် နိုင်ငံတော်အစိုးရမှထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ကရင်ပြည်နယ်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းမှ ယနေ့နံနက် (၁၀) နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် ရပ်ကွက်ကျေးရွာများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့မှ ယနေ့ နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများ အသိပညာပေးဆိုင်ရာ များကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် Hotel Quarantine ထားရှိရေး လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုနှုန်း တိုးတက် များပြားလာသည်နှင့်အမျှ ယခုထက် ပိုမို၍ ကူစက်မှုများပြားလာပါက Quarantine ထားရှိမည့်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ယနေ့နံနက် ၁၀ နာရီက ပုသိမ်မြို့ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Hotel Quarantine ထားရှိရေးအတွက် ဟိုတယ် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။

တာမွေမြို့နယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ကူးစက်ပျံ့နှံ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပြန့်ပွား လျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေ ဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင် ရေးတို့အတွက် အရေးပေါ်ကိစ္စ ပေါ်ပေါက်ပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်အရမှအပ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ နေ့စဉ် ည ၁၂ နာရီအချိန်မှ နောက်တစ်နေ့ နံနက် ၄ နာရီအချိန်အထိ ည မထွက်ရအမိန့်(၂၁/၂၀၂၀)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်။ ဤအမိန့် သည် အများပြည်သူအကျိုးငှာ ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်သဖြင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေ အရ အရေးယူခံရမည် ဖြစ်ကြောင်းနှင့် ဤအမိန့်ထုတ်ပြန်ပြီးသည့်နေ့မှစ၍ (၂)လ အတည်ဖြစ်သည်။ တာမွေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဇူလိုင်လ ၁၄ ရက်နေ့ဖြင့် ထုတ်ပြန်ထားရှိသော အမိန့်ကြော်ငြာ စာအမှတ် ၁၂/၂၀၂၀ ကို ဤအမိန့်ဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းဖွင့်လှစ်

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီး၌ တာဝန်ထမ်းဆောင်မည့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စီစဉ်မှုဖြင့် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၉) နာရီက စတင်ကာ အခြေခံပညာအထက်တန်း ကျောင်း အမှတ် (၁၃)တွင် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆင့်ပွားသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆင့်ပွားသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မင်းစုအခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to