ကိုဗစ်-၁၉ ကာလအတွင်း ခင်ဦးမြို့ ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ခင်ဦး  စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အား စက်တင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ရောဂါ ကူးစက်မှု မရှိစေရေး၊ ရောဂါကာကွယ်နိုင်ရေးတို့အတွက် ပြည်သူ့ဝန်ဆောင်မှုဖြစ်သော  စာအုပ်/စာစောင်များ ငှားရမ်းခြင်းကို ခေတ္တယာယီပိတ်ထားကြောင်း သိရသည်။

ခင်ဦးမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်/စာစောင်များဌားရမ်းခြင်းများ ခေတ္တယာယီပိတ် ထားသော်လည်း ပြည်သူများ အတွက် ခင်ဦးမြို့နယ်ပြည်သူ့စာကြည့်တိုက်Pageမှ Online စနစ်ဖြင့် ကလေးများအတွက် ပုံပြင်ပြောခြင်း၊ အရုပ် ခေါက်ခြင်း၊ စာပေချစ်မြတ်နိုးသူများ အတွက် စာအုပ်/စာစောင် များကို မိတ်ဆက်ပေးခြင်း စသည့်အစီအစဉ်များကို တင်ဆက်ပေး လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေး ခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သော ပြည်သူများအတွက် Onlineမှတဆင့် အလွယ်တကူ ကြည့်ရှု့နိုင်စေရန်၊ ကလေးသူငယ်များ စာပေဗဟုသုတများ ပိုမိုတိုးတက်လာစေရန် အတွက်ရည်ရွယ်၍ ပြုလုပ် ဆောင်ရွက်ခြင်း ဖြစ်ပြီး နယ်မြေသတင်းများထုတ်ပြန်ခြင်းနှင့်Online ကတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို IPRD Khin U Pageမှလည်း အရှိန်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြတ်သစ်ကောင်း