တန့်ဆည်မြို့နယ်၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်

တန့်ဆည်   စက်တင်ဘာ  ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်  လူမှုဝန်ထမ်းဦးစီးဌာနမှ တန့်ဆည်မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား  ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီပွားရေးကုစားမှု အစီအစဉ်ဖြင့် (၁) ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းကို အိမ်အရောက် ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို စက်တင်ဘာလ ၁၅ ရက်နေ့က မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမင်းက ရပ်ကွက်၊ ကျေးရွာအုပ်စုတာဝန်ရှိသူများသို့ ပေးအပ်ခဲ့ပြီး နောက်  ယနေ့နံနက်ပိုင်းကစ၍ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခြင်းဖြစ်ကြောင်းနှင့် တန့်ဆည်မြို့နယ်တွင် မသန်စွမ်းသူ ဦးရေ (၁၁၂၈) ဦးရှိပြီး တစ်ဦးချင်းဆီ လက်ဝယ်အရောက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)