ကွန်ဟိန်း စက်တင်ဘာ ၁၆
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ဒုတိယအကြိမ် မဲစာရင်းများ ကြေညာနိုင်ရေးနှင့်ပြည့်စုံမှန်ကန်မှုရှိစေရေး မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းအား ယနေ့ နံနက် ၁၀ နာရီအချိန်ခန့် က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ဒုတိယအကြိမ် မဲစာရင်းများကြေညာနိုင်ရေးနှင့် ပြည့်စုံမှန်ကန်မှုရှိ စေရန်၊ ပထမအကြိမ်မဲစာရင်းတွင် မပါဝင်သူများကို ဒုတိယအကြိမ်မဲစာရင်းတွင် ပါဝင်နိုင်စေရန် ၊ ပထမအကြိမ်မဲစာရင်းတွင် ပါဝင်ပြီးသူများ ဒုတိယအကြိမ်မဲစာရင်းတွင် မကျန်ရှိစေရန်၊ မဲစာရင်း အချက်အလက်မှားယွင်းနေမှုများ မှန်ကန်မှုရှိစေရန် ၊ပုံစံ(၃)၊ပုံစံ(၄)၊ပုံစံ(၄-ဂ) များ စိစစ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ ပြင်ဆင်ဖြည့်စွက်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ခြင်းများအား မြို့နယ်မဲစာရင်းစိစစ်ရေးကော်မတီ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက်အဖွဲ့ခွဲ၍ အသေးစိတ်စိစစ်ဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် ဉပဒေ၊နည်းဉပဒေစာအုပ်များ ဖြန့်ဝေပေး ခဲ့ပါသည်။လုပ်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပြည့်စန္ဒီမြင့်(ပြန်/ဆက်)