ရန်ကုန် စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ နှိုးဆော်ခြင်းကို ယမန်နေ့ည (၇)နာရီအချိန်က နှိုးဆော်ခဲ့သည်။
နှိုးဆော်ရာတွင် အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မီးသတ်ယဉ် ဖြင့် လှည့်လည်ကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်း မရှိစေရန်၊ ကျန်းမာရေး နှင့်အား ကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ပြည်သူများ မဖြစ်မနေပြင်ပသို့ သွားလာပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာရန်၊ လက်ကို ဆက်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ မိမိနေရပ်သို့ ပြန်လာသည့် ပြည်သူများ ဝင်ရောက်လာမှုရှိလျှင် သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များထံသို့ အသိပေး အကြောင်းကြားရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေကွာ နေကြရန် စသည်တို့ကို လှည့်လည် နှိုးဆော်ခဲ့ကြသည်။
အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်စေရန် မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ တစ်ရက်ခြားစီ ည(၇)နာရီအချိန်မှ ည(၁၁)နာရီအချိန် လှည့်လည်နှိုးဆော်ပေး လျက်ရှိပြီး အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)