မန်ကန်မြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မန်ကန်   စက်တင်ဘာ  ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် ပြည်တွင်းကူးစက်မှုများ မြင့်တက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မန်ကန်မြို့ရှိ ဌာဆိုင်ရာများပူးပေါင်း၍ မန်ကန်မြို့အဝင်ဂိတ်မှ ဖြတ်သန်း သွားလာသူများအား  ပါးစပ်၊ နှာခေါင်းစည်းများအား ဝေငှ တပ်ဆင်ပေးခြင်း၊ လက်ကိုမကြာခဏ ဆေးရန်အသိပညာပေးခြင်းနှင့် အပူချိန်တိုင်းတာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ‌ ကြောင်း သိရှိရသည်။  

ကျော်ဇင်ထက် (ပြန်/ဆက်)