လေရှီး စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့သည့် အသက် ရှစ်ဆယ့် ငါးနှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို ယမန်နေ့ညနေက အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို လေရှီးမြို့ပေါ် အမှုထမ်းရပ်ကွက်နှင့် မြို့မရပ်ကွက်ရှိ အသက် ရှစ်ဆယ့်ငါးနှစ်နှင့်အထက်ဘိုးဘွားခုနှစ်ဦးကို တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ အတွက် ငွေကျပ်သုံးသောင်းကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ဦးလှဆိုင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ထောက်ပံ့ရန် ကျန်ရှိသည့် ကျေးရွာများ ကိုလည်း ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)