နန်းယွန်း စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ရုံးအဝင်ပေါက်ဝတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေပေးခြင်း၊ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း မပြုရန်၊ မဖြစ်မနေပြင်ပသို့ သွားလာပါက နှာခေါင်းစည်း တပ်ဆင် သွားလာရန်၊ မိမိတို့မြို့နယ်အတွင်းသို့ ကိုဗစ် -၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားနေသည့်နေရာ ဒေသများမှ ဝင်ရောက်လာသူများ၊ ပြည်ပမှပြန်လည်ဝင်ရောက်လာသာများ ရှိပါကသက်ဆိုင်ရာသို့ ချက်ချင်း အကြောင်းကြားရန် အစရှိသည့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆောင်ရွက်မှုကို မြို့နယ်အဆင့်ကို ဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီဥက္ကဌ၏ ကြီးကြပ် မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့များ ပူးပေါင်း၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရုံးအဝင်ပေါက်ဝတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဟန်ကမ်း(ပြန်/ဆက်)