ကျွန်းလှမြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်

ကျွန်းလှ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ အမိန့်အမှတ်(၈/၂၀၂၀)ကို စက်တင်ဘာ (၁၅) ရက် ရက်ဖြင့် ညမထွက်ရ အမိန့်အား ထုတ်ပြန်ကြေညာလိုက်ကြောင်းသိရသည်။

ကျွန်းလှမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကို ဆောင်ရွက်နိုင်ရန် အတွက် တာဝန်ရှိသူများ အပ မည်သူမျှ ခွင့်ပြုချက်သော်လည်းကောင်း၊ လုံလောက်သည့် အကြောင်းတစ်စုံတစ်ရာမရှိဘဲ မိမိတို့အသုံးပြုနေထိုင်သည့် နေအိမ်ဥပစာ၏ ပြင်ပသို့ နေ့စဉ်ည (၁၂) နာရီမှ နံနက်(၄)နာရီအတွင်း တစ်ဦးချင်း၊ အစုအဖွဲ့ဖြင့် သွားလာခြင်း၊ စုဝေးခြင်း မပြုကြရန်နှင့် တွေ့ရှိပါက တည်ဆဲဥပ‌ဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း၊ ဤအမိန့်သည် ထုတ်ပြန်သည်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့ထိ အတည်ဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)