ကျောက်မဲမြို့၌ ညမထွက်ရအမိန့်ထုတ်ပြန်

ကျောက်မဲ စက်တင်ဘာ ၁၆ ရက်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မို‌ကျောက် မဲ မြို့၌  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ယမန်နေ့ ရက်စွဲဖြင့် ညမထွက်ရ အမိန့်အား ထုတ်ပြန်ကြေညာ လိုက် ကြောင်း သိရသည်။

 ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီထိန်းချုပ်နိုင်ရေးတို့အတွက် စက်တင်ဘာလ(၁၅) ရက်နေ့မှ စတင်၍ ဒေသခံပြည်သူများ အနေဖြင့် နေ့စဉ် ည(၁၂)နာရီမှ နောက် တစ်နေ့နံနက် (၄)နာရီ အထိ ညမထွက်ရန်နှင့် အရေးပေါ် ကိစ္စ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညမထွက်ရအမိန့်သည် အများပြည်သူ အကျိုးအတွက် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ပြီး တိကျစွာ လိုက်နာကြရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ပြီး ညမထွက်ရ အမိန့်အား ထုတ်ပြန်သည့်နေ့မှစ၍ (၂)လ အတည်ဖြစ်ကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)