ငါန်းဇွန်မြို့နယ်၌ တိုင်းဒေသကြီးအစိုးရမှထုတ်ပြန်သည့် ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်အား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာ
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ တိုင်းဒေသကြီးအစိုးရမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးတို့အတွက် ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်အား ယမန်နေ့ည ၇ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၏ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာခဲ့ကြောင်း သိရသည်။