ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွာရေးကုစားမှုအစီအစဉ်အရ စိုက်ပျိုးထား သော မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းများ အား ကွင်းဆင်းစစ်ဆေး

ဆားလင်းကြီး စက်တင်ဘာ  ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် တရားကျေးရွာအုပ်စုရှိ တရားနှင့်ရှမ်းကိုင်းကျေးရွာများတွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP) အရ စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များအား ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်စန္ဒာမိုး၊ ခရိုင်နှင့် မြိုနယ်ရုံးဝန်ထမ်းများ အဖွဲ့တို့က ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကွင်းဆင်းအဖွဲ့သည် တရားကျေးရွာ ကွင်းအမှတ် ၉၂၂တွင် တောင်သူ(၆)ဦး စိုက်ပျိုးထားသော ဧရာမင်းမိုးစပါး (၁၀)ဧက နှင့် ရှမ်းကိုင်းကျေးရွာ ကွင်းအမှတ် ၉၂၄တွင် တောင်သူ(၁၁)ဦးစိုက်ပျိုးထားသော ဧရာမင်းမိုးစပါး (၁၅)ဧက စိုက်ပျိုးထားရှိမှုတို့အား စိုက်နည်းစနစ်မှန်ကန်မှု၊ ပိုးမွှားရောဂါ ကျရောက်မှုအခြေအနေများနှင့်  ပထမအကြိမ် ပင်ပွားကြီးချိန်တွင်  မျိုးကွဲကင်းစင်ရေး မျိုးကွဲပယ်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး စိုက်ပျိုးတောင်သူများအား လိုအပ်သည်များ မှာကြားပေးခဲ့ကြောင်း သိရှိရသည်။
ဆားလင်းကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက် ဧက(၂၀၀)ကို တောင်သူ(၉၃)ဦးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရှိရသည်။    
ဥမ္မာခိုင် (ပြန်/ဆက်)