နမ္မတူ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ဒေသခံမိဘပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူစက်ခံရမှုမရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးတို့အတွက် ညမထွက်ရန်အမိန်ကို စက်တင်ဘာလ (၁၅)ရက် ရက်စွဲဖြင့် ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူစက်ခံရမှုမရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေးတို့အတွက် အရေးပေါ်ကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက် အရမှအပ ၂၀၂၀ ပြည်နှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့မှစ၍ နေ့စဉ် ည (၁၂)နာရီမှ နောက်တစ်နေ့ နံနက် (၄)နာရီအထိ ညမထွက်ရန်အမိန့် ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အမိန့်သည် အများပြည်သူအကျိုးငှာ ရည်ရွယ် ထုတ်ပြန်ခြင်း ဖြစ်သောကြောင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ အမိန့်ထုတ်ပြန်သည့် နေ့မှစ၍ (၂)လအတွင်း အတည်ဖြစ်ကြောင်း နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
လူမော် (ပြန်/ဆက်)