မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်

မော်လမြိုင်  စက်တင်ဘာ ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ မွန်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ညပိုင်းမှစ၍ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများသို့ အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေး လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်ကား(၆)စီးဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် လမ်းဆုံများ၊ ရပ်ကွက်များတို့တွင် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက် များလိုက်နာဆောင်ရွက်ရမည့်အချက်များနှိုးဆော်ခြင်း၊ မီးဘေးအန္တရာယ်များသတိပေးခြင်းကို နေ့စဉ် နံနက်(၇)နာရီတွင် တစ်ကြိမ်၊ (၁၀)နာရီတွင် တစ်ကြိမ်၊ညနေ(၄)နာရီတွင် တစ်ကြိမ်၊ ည(၇)နာရီတွင် တစ်ကြိမ်၊ တစ်နေ့လျှင်(၄)ကြိမ် ရပ်ကွက်(၂၇)ခုနှင့်ကျေးရွာ(၆)ရွာသို့ သတိပေးဆော်ဩခြင်းများ ပြုလုပ်လျက်ရှိကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)