သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူ (၂၃)ဦး၏ Swab နမူနာများ ဓာတ်ခွဲစစ်ဆေးရန် ဓာတ်ခွဲခန်းသို့ ပို့ဆောင်

သဲကုန်း စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၂၃)ဦး၏ Swab နမူနာများအား (၁၇) ကြိမ်မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယနေ့ နံနက်ပိုင်းက ရယူခဲ့ကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် သဲကုန်းမြို့ သီတဂူရွှေဥရာစုသစ် မျက်စိဆေးရုံတွင် Quarantine ထားရှိသည့် ရန်ကုန်မြို့မှ ပြန်လာသည့် အမျိုးသား(၅)ဦး၊ အမျိုးသမီး(၂)ဦး၊ ပုတီးကုန်းမြို့အေးရိပ်သာ ဘုန်းတော် ကြီးကျောင်းတွင် Quarantine ထားရှိသည့် ရန်ကုန်မှ ပြန်လာသူ(၁၅)ဦး၊ မန္တလေးတိုင်းမှ ပြန်လာသူ (၁)ဦး၊ စုစုပေါင်း (၂၃)ဦး တို့၏ Swab နမူနာများကို ဓာတ်ခွဲစစ်ဆေးရန် ကျန်းမာရေးဌာနဝန်ထမ်းများ က Swab နမူနာများ ရယူခဲ့ပြီး ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့သို့ သွားရောက်ပို့ဆောင်ပေးမည်ဖြစ် ကြောင်း သိရသည်။

နိုင်လင်း (သဲကုန်းပြန်/ဆက်)