ဘုတလင် စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီနှင့် လူမှုကူညီရေး အသင်းများက ယနေ့ နံနက် ၁၁ နာရီအချိန်က ပြည်သူ့ဝန်ဆောင်မှုရုံးတွင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်းနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်တို့က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာတစ်ဦး တွေ့ရှိမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေမှု၊ လူမှုကူညီရေးအသင်းများ၏ အခန်းကဏ္ဍနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရေး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် လူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ သံသယလူနာများ တွေ့ရှိပါက သယ်ယူပို့ဆောင်ရေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် လူမှု ကူညီရေး ပရဟိတသမားများအား ရောဂါကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရေး အကြံပြု ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)