မင်းကင်း စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မင်းရာဇာခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဉီးစွာ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ပါတီများအကြား အငြင်းပွားမှု၊ မဲဆွယ်စည်းရုံးရေး ကာလ အတွင်း တစ်စုံတစ်ရာ ပြဿနာများ ပေါ်ပေါက်လာပါက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ လုပ်ငန်းစဉ်နှင့်အညီ လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ကော်မတီ၏ လုပ်ငန်း တာဝန်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များက ဆွေးနွေးခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဉီးတင်ဝင်းနှင့် အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းတို့မှ ပြန်လည် ဆွေးနွေးခဲ့ ကြောင်းသိရသည်။
မေသက်(ပြန်/ဆက်)