တမူးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ (Take-away) ပါဆယ် စနစ်ဖြင့်သာ ရောင်းချရန် အသိပေး အကြောင်းကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များအား Take-away (ပါဆယ်) စနစ်ဖြင့်သာ ရောင်းချသွားရန် အသိပေးအကြောင်း ကြားထားကြောင်း မြို့သစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ဘောဂလိဒေသထွက် ချဉ်ပေါင်ဖာလာသီးများ ပေါ်ချိန်ရောက်ရှိလာ၍ ဒေသခံများစတင်ခူးယူ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိဒေသထွက် ရာသီသီးနှံတစ်ခုဖြစ်သော ချဉ်ပေါင်ဖာလာသီးများပေါ် ချိန်ရောက်ရှိလာ၍ ဒေသခံပြည်သူများ စတင်ခူးယူနေပြီးဖြစ်ကြောင်း သိရှိရသည်။

ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ (၄၉)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ စက်တင်ဘာလ ၁၅ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က(၂)ဦးနှင့် ယမန်နေ့ညနေ(၅)နာရီအချိန် က (၄၇)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၄၉)ဦးတို့အား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နန်းယွန်းမြို့ ကန့်သတ်စောင့်ကြည့်ထားသောနေရာရှိ ရန်ကုန်မှ ပြန်လာသူများ၏ နှာခေါင်းနှင့်အာခေါင်တို့ပတ် (Swab) ဓာတ်ခွဲစစ်ဆေးမှု (All negative) ဖြစ်

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့ အ.ထ.က ကျောင်းတွင် ကန့်သတ် စောင့်ကြည့်ထားသော ရန်ကုန်မှ ပြန်လာသူများထံမှ

မိုင်းကိုင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဆင့်ပွားသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ဆင့်ပွားသင်တန်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီ အချိန်အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

UNDP မှ ရှမ်းပြည်နယ်အစိုးရ အဖွဲ့သို့ ငွေကျပ် သိန်း ၄၅၀ တန်ဖိုးရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြု ပစ္စည်းများ လွဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန် က တောင်ကြီးမြို့၊ မင်္ဂလာဦး ရပ်ကွက်ရှိ UNDP ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အောင်လံမြို့နယ်တွင် ထောက်ပံ့ကြေးမရရှိသေးသော(ထပ်တိုး) မသန်စွမ်းများအားထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် ထောက်ပံ့ကြေး မရရှိသေးသော (ထပ်တိုး) မသန်စွမ်းများ အတွက်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ဖြူပြာနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်လွင်လွင်ထွန်းတို့က ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများကို ပေးအပ်ခဲ့သည်။           

ငါန်းဇွန်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား အမျိုးသားလူမှုရေး ပင်စင်များ အိမ်တိုင်ရာ ရောက် ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် အမျိုးသားလူမှုရေးပင်စင်များကို ယမန်နေ့ညနေ ၄ နာခွဲအချိန်က ဘိုးဘွားများအိမ်သို့သွား၍ လက်ဝယ်အရောက် လှည့်လည်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ကန့်သတ်တားမြစ်မှုများအား ရုပ်သိမ်း

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း လွန်ခဲ့သည့် မေလကုန်ပိုင်းခန့်က ဝက်များနာမကျန်းဖြစ်ပြီး သံသယဖြစ်ဖွယ်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပြည်နယ်အဆင့် ဝက်အာဖရိကအပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၀) ၏ ဆုံးဖြတ်ချက်အရ ဝက်နှင့်ဝက်ထွက်ပစ္စည်းများ တင်သွင်း၊ တင်ပို့ရောင်းချမှုများကို (၁.၆.၂၀၂၀) ရက်နေ့မှစတင်၍ ကန့်သတ်တားမြစ်လိုက်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၏ ၁-၆-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၇၃၇၄/၆-၆၃၃/ အစရ(ရှမ်း)ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မျိုးစပါးမျိုးစေ့ ထုတ်ဧက (၃၀၀) အတွက် ထောက်ပံ့ငွေကျပ် ၄၄၅.၅ သိန်းအား ကျေးရွာ အုပ်စုအလိုက် ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဟုမ္မလင်းမြို့နယ်စိုက် ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တာဝန်ကျသည့် ကျေးရွာများသို့ ချင်းတွင်းမြစ် အထက်ပိုင်း မောင်းခမ်းကျေးရွာ၊ လွှစင်ကုန်းကျေးရွာ၊ ဟဲခမ်းကျေးရွာ၊ နောင်ပိုအောင် ကျေးရွာ၊
Subscribe to