တီးတိန် စက်တင်ဘာ ၁၆
ချင်းပြည်နယ်၊ တီးတိန်မြို့၌ တရားမဝင်တင်သွင်းရောင်းချနေသည့် နိုင်ငံခြားအရက်အမျိုးမျိုးတို့ အပေါ် အခွန်အမှတ် တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နေ့လယ် ၁၁ နာရီခွဲက တီးတိန်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်သည်။
ထိုသို့ပြုလုပ်ရာတွင် ချင်းပြည်နယ်၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်မိုး ခေါင်းဆောင်သော မြန်မာ့စီးပွားရေးဘဏ်၊ အကောက်ခွန်ဦးစီးဌာနနှင့် မြို့နယ်ပြည်တွင်းအခွန် ဦးစီးဌာနတို့ပူးပေါင်းပြီး One Stop Service(OSS) အဖွဲ့သည် တီးတိန်မြို့ နိုင်ငံခြားအရက်အမျိုးမျိုး ရောင်းချခွင့်လိုင်စင်ရထားသူတို့၏ နိုင်ငံခြား အရက်အမျိုးမျိုးတို့အပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးပြီး စျေးကွက်ပေါက်စျေးအပေါ်မူတည်၍ ၆၁ ရာခိုင်နှုန်း အခွန်များ သတ်မှတ်ကောက်ခံပေးသွင်းရမည်ကြောင်း တီးတိန်မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးစိုးတင်ဝင်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)