လွိုင်လင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကူးစက်ပြန့်နှံမှုမရှိစေရေးအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမြထွေး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမြတ်ခန့်အေးနှင့် ဝန်ထမ်းများက ယနေ့နံနက် (၈)နာရီ က မြို့မဈေးကြီးနှင့် ယာယီဖွင့်လှစ်ထားသော ပျံကျဈေးများတွင် ဈေးရောင်း/ဈေးဝယ်များအား နှာခေါင်းစည်း Masks များ အခမဲ့ဖြန်ဝေ ပေးခဲ့သည်။ ထို့အပြင် လူစည်ကားရာလမ်းဆုံများတွင် ပြည်သူများကိုလည်း အပြင်ထွက်တိုင်း မဖြစ်မနေ နှာခေါင်းစည်း Masks တပ်ကြရန် ပညာပေးခြင်း၊ နှာခေါင်းစည်း Masks များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။