ပေါက်ခေါင်းမြို့နယ် ရပ်ကွက်ကျေးရွာများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပေါက်ခေါင်း စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့မှ ယနေ့ နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများ အသိပညာပေးဆိုင်ရာ များကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပေါက်ခေါင်းမြို့ အမှတ်(၁)နှင့် အမှတ်(၅)ရပ်ကွက်၊ ဘန့်ပြင်၊ တောင်ရွာ၊ ရပ်သစ်၊ ဆိုင်ဂေါင်းနှင့် အုန်းရင်းကျေးရွာတို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်နှင့် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန်နှင့် လက်ကိုဆပ်ပြာဖြင့် ဆေးကြောရန် စသည့်အချက် များနှင့် လူကုန်ကူးမှုဆိုင်ရာများကို အအသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းများနှင့် နံရံကပ်စာ‌စောင်ပြသခြင်း များကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)