ကော့ကရိတ်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ကော့ကရိတ်၊ စက်တင်ဘာ ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ကရင်ပြည်နယ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းမှ ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် နိုင်ငံတော်အစိုးရမှထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စား အိမ်ထောင်စုဝင်များအား တတိယအကြိမ် (၂၀၀၀၀) ကျပ်စီနှုန်းဖြင့် ကော့ကရိတ်မြို့ပေါ်ရပ်ကွက် (၇)ခုနှင့် ကျေးရွာအုပ်စု (၂၁) အုပ်စုတို့မှ အိမ်ထောင်စုပေါင်း (၆၃၂၅) စုအတွက်  စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၂၆၅၀၀၀၀၀) အား ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်၊ ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းနုတို့က ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်မာအေး