တွန်းဇံ စက်တင်ဘာ ၁၆
ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် မြို့အဝင်/အထွက်ဂိတ်အား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့မှ စတင်၍ အချိန်တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။
ချင်းပြည်နယ်၊ တွန်းဇံမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့အဝင်/ အထွက်ဂိတ်အား အချိန်တိုးမြှင့်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။ မြို့အဝင်/အထွက်ဂိတ်တွင် ခရီးသွားပြည်သူများ၏ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွား ရာဇဝင်များကို စစ်ဆေးမှတ်တမ်းယူခြင်းများအား နေပိုင်း စစ်ဆေးမှုကို ဌာနဆိုင်ရာများနှင့် စေတနာဝန်ထမ်းများက ဆောင်ရွက်သွားမည် ဖြစ်ပြီး ညပိုင်း ဝင်ထွက်သွားလာမှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများကို ဆောင်ရွက်သွားမည် ဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု နှုန်းသည် ပိုမိုမြင့်တက် လာသည့်အတွက် (၁၅-၉-၂၀၂၀) ရက်နေ့မှ စတင်၍ မြို့အဝင်/အထွက်ဂိတ်ကို (၂၄)နာရီ အချိန်တိုးမြှင့် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)