မန္တလေး၊ စက်တင်ဘာ ၁၆
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီး၌ တာဝန်ထမ်းဆောင်မည့် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏စီစဉ်မှုဖြင့် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၉) နာရီကစတင်ကာ အခြေခံပညာအထက် တန်းကျောင်း အမှတ် (၁၃)တွင် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်သော အဆိုပါသင်တန်းသို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၈) ရပ်ကွက်မှ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၂)ဦးတို့ဖြင့် တစ်ရပ်ကွက်လျှင်(၄) ဦးဖြင့် (၇၀) ဦး တက်ရောက်လျက်ရှိကာ အခန်း (၃) ခန်းခွဲပြီး ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်၊ မဲပေခြင်းနှင့် မဲရေတွက်ခြင်း၊ ကြိုတင်မဲပေးခြင်း၊ နိုင်ငံရေးပါတီများ လိုက်နာရမည့်ကျင့်ဝန်များ၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ၊ နိုင်ငံသားပြစ်မှုဥပဒေနှင့် သတင်းနှင့်မီဒီယာအခန်းကဏ္ဍ စသည့်အကြောင်းအရာ ဘာသာရပ်များကို သင်ကြားပေးသွားမည် ဖြစ်သည်။
မဟာအောင်မြေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၌ ရပ်ကွက် (၁၈) ရပ်ကွက်တွင် မဲရုံပေါင်း (၈၄) ရုံ ထားရှိသွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူ (၁၆၃၀၀၀) ခန့် ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်