မိုင်းရယ် စက်တင်ဘာ ၁၆
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆင့်ပွားသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဉက္ကဋ္ဌ ဦးသိန်းဝင်းမှ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရာတွင် လိုအပ်သည့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်း များကို ကျွမ်းကျင်နိုင်ရေးအတွက် ဆင့်ပွားသင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းစုနိုင်ဦး (ဦးစီးအရာရှိ)က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ ပို့ချပေးစေလိုကြောင်းနှင့် ပို့ချရမည့် အခန်း ကဏ္ဍများကို ဖြန့်ဝေထားသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်စာအုပ်တွင် လေ့လာထားနိုင်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အသီးသီး ဆွေးနွေးကြပြီး အဆိုပါ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများအတွက် ရွေး ကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆင့်ပွားသင်တန်းကို မိုင်းရယ်မြို့နယ် အတွင်းမှ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများမှ ကျေးရွာအုပ်စု တစ်ခုလျှင် ၂ ဦးနှုန်းဖြင့် တက်ရောက်ရမည် ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်