မင်းလှမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ အတွက် ပဉ္စမအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း၌ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် ပဉ္စမအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်း မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသံချဲ့စက်များ ဖြင့်လိုက်လံ နှိုးဆော်

လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ပုလောမြို့နယ်ရုံး၊ မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်နှင့် ၀န်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာ၀န်ခံများနှင့် ပူးပေါင်း၍ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် သဘာ၀ဘေး အန္တရာယ်များအကြောင်း သိရှိစေရန် အသံချဲ့စက်များဖြင့် ယမန်နေ့ နံနက်(၈) နာရီက အချိန်က လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သူများ၏ နှာခေါင်းနှင့် အာခေါင်တို့ပတ်များ ရယူ၍ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ(ရန်ကုန်)သို့ပေးပို့စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သူတစ်ဦးနှင့် ထိတွေ့ခဲ့သော သူများ၏ နှာခေါင်းနှင့် အာခေါင်တို့ပတ်များကို ယနေ့ နံနက် ၇ နာရီတွင် ရယူ၍ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ(ရန်ကုန်)သို့ ပေးပို့စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြောင်းမြမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့အဝင်/ အထွက်ဂိတ်တွင် နေ့စဉ်ကြပ်မတ် စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး မကော်မတီဝင်များ ဦးဆောင်၍ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ် များအား နံနက် ၆ နာရီမှ ည ၁၂ နာရီ အထိနေ့စဉ် ကြပ်မတ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကျွန်းစုမြို့တွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့နယ်၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

​ကျောက်တံတားမြို့နယ် Community Based Facility Quarantine Centre အတွက် အလှူ​ငွေနှင့် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ရေးသုံးပစ္စည်းများ လာ​ရောက်လှူဒါန်း

​ကျောက်တံတားမြို့နယ် (၃၉)လမ်းရှိ ထက်မိသားစုနှင့် Economics Flower Garden Co. Ltd ပိုင်ရှင် ဦးလှမင်း+ ဒေါ်ချိုချိုလွင် မိသားစုတို့မှ Community Based Facility Quarantine Center အတွက် လိုအပ်သော ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ရေး ပစ္စည်းများအား ယမန်​နေ့​ ​နေ့လယ်က ကျောက်တံတား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လာ​ရောက်လှူဒါန်း​ပေးခဲ့​​ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာဆင့်ပွားသင်တန်းဖွင့်လှစ် ပို့ချ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ဖွင့်လှစ် သင်ကြားပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မှတ်ပုံတင်ကတ်ပြား မရရှိသေးသည့် ပြည်သူ ၁၀၇၇ ဦးအား မှတ်ပုံတင်ကတ်များပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ နိုင်ငံသား စိစစ်ရေးကတ် မပြုလုပ်ရ သေးသည့်သူများအား ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီ ခန့်က မြို့နယ် လဝကရုံးတွင် နိုင်ငံသား စိစစ်ရေးကတ် များပေးအပ်ခြင်းကို ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို အ.ထ.က(ထန်းတပင်) Community Base Quarantine Centre သို့လှူဒါန်း

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်နှံမှုများမရှိစေရေးအတွက် ဓာတ်ခွဲ အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်း ကျောင်း (Community Base Quarantine Centre) တွင် အသွားအလာများ ကန့်သတ်ထားကာ စောင့်ကြည့်မှုများကို ဆောင်ရွက်ထားရှိပြီး ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ Quarantine Centre သို့ မြို့မပရဟိတလူငယ်အဖွဲ့က ရောဂါကြိုတင်ကာကွယ်သုံးပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြ သည်။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ကျောင်းကုန်းလမ်းခွဲကျေးရွာ၌ GAW LAH အမျိုးသမီးများ အဖွဲ့မှ ရေမလို လက်သန့်ဆေးရည်ဗူးများ ဖြန့်ဝေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ကျောင်းကုန်းလမ်းခွဲကျေးရွာ၌ GAW LAH FOUNDATION ၏ပံ့ပိုးမှုဖြင့် ကျောင်းကုန်းလမ်းခွဲကျေးရွာ GAW LAH အမျိုးသမီးများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရေမလို လက်သန့် ဆေးရည် ဗူးများနှင့် Mask များကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
Subscribe to