တမူးခရိုင်၊ မြို့သစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အ‌ခြေခံလူတန်းစား အိမ်ထောင်စု (၁၁၀၁) စုအတွက် ထောက်ပံ့ငွေများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၁၁၀၁) စုအတွက် နိုင်ငံတော်မှပံ့ပိုးသော ထောက်ပံ့ငွေများကို ပေးအပ် လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်က လှည်းဆိပ်ကျေးရွာ၌လည်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်‌ထောင်စုများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ပေါက်မြို့၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလင်းတန်း လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်း ကလေးငယ်များအပေါ် အဓမ္မခိုင်းစေမှု၊ မတော်မတရား ညှင်းပန်း နှိပ်စက်ခြင်းများနှင့် ကလေးအလုပ်သမား ပပျောက်စေရေးအတွက်

ဖရူဆိုမြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် စနစ်တကျတပ်ဆင်ရေး အသိပညာပေးဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်းနှင့် (Mask) စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက် (၇) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက် ကလေးငယ်များကို ထောက်ပံ့ကြေးများ အိမ်တိုက်ရာရောက်ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂နှစ်အောက် ကလေးများကို ထောက်ပံ့ကြေးများကို KBZ Pay များမှတစ်ဆင့် ထောက်ပံ့ပေး လျက်ရှိရာ KBZ Pay ကနေ ထုတ်ယူရန် အခက်အခဲရှိသူများကို ယမန်နေ့ နံနက်ပိုင်းကစ၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကမ္ဘောဇဘဏ်ဝန်ထမ်းများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ကိုဗစ်-၁၉ ကာလတွင် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော် အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများကို ယနေ့နံနက်မှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် မသန်စွမ်းသူ (၃၄၅ )ဦးအတွက် ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ရပ်ကွက် (၁၉) ရပ်ကွက် ရှိ မသန်စွမ်းသူများ အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က ပေးအပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် မြို့အဝင်အထွက်နေရာများတွင် နေ့/ည မပြတ် စစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်၍ ကြပ်မတ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်သွားနိုင်ရန် ရည်ရွယ်၍ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး မြို့အဝင် ၊ အထွက် နေရာများတွင် စစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်ထားရှိပြီး အခြားတိုင်းဒေသကြီး၊ မြို့နယ်များမှ

ဇလွန်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကုန်မာဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချခြင်း ရှိ/မရှိ၊ ကုန်မာဆိုင်များနှင့် စတိုးဆိုင်များ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများနှင့် အညီ ရောင်းချခြင်း ရှိ/မရှိကို ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် ဆောင်ရွက်ခဲ့သည်။

မြောက်ဥက္ကလာပမြိုနယ်တွင် နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်စား အိမ်ထောင်စုများ အတွက် တတိယအကြိမ် မြောက် ငွေကြေးထောက်ပံ့

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ်မြောက် ပေးအပ်သော ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့များက ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် Mask နှာခေါင်းစည်းများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေ​ရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် ရည်ရွယ်၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် Mask နှာခေါင်းစည်းများ ၊ လက်သန့်ဆေးရည် ၊ လက်အိတ် နှင့် ခေါင်းစွပ်များကို ရဲစုတောင်ရပ်ကွက် ၊ ရန်ကင်းလမ်းမှ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့သို့ ယမန်နေ့ မွန်းလွဲ ၃ နာရီက လာရောက်လှူဒါန်းကြောင်း သိရသည်။
Subscribe to