ရေနံချောင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ငွေကျပ်သိန်းသုံးထောင်ကျော် ထောက်ပံ့

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင် စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေ သိန်းသုံးထောင်ကျော် ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေါင်းတည်မြို့တွင် အသွားအလာ ကန့်သတ်သီးခြားထားရှိသူများ၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ရယူခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိင်ရေးအတွက် ပြည်ပပြန်များနှင့် ရောဂါဖြစ်ပွားရာ ဒေသအသီးသီးမှ ပြန်ရောက်လာသူများ ထားရှိသည့် စင်တာများသို့ ယမန်နေ့မွန်းလွဲပိုင်းမှစ၍ ညပိုင်းအထိ မြို့နယ်ပြည်သူ့ကျန်းမားရေး ဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) ဝန်ထမ်းများက သွားရောက်၍ စောင့်ကြပ်ကြည့်ရှု စင်တာများတွင် အသွားအလာကန့်သတ် သီးခြားထားရှိသူများ၏ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် ရယူခြင်းကို ဝန်ထမ်းများရောဂါကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် အလေးထားကာ စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး(၀)မိုင်တိုင်တွင် မော်တော်ယာဉ်နှင့် ခရီးသွားပြည်သူများကို ကျန်းမာရေးစစ်ဆေးခြင်းများ ပုံမှန်ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမြင့်မားလာ၍ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး (၀)မိုင်တိုင်တွင် မော်တော်ယာဉ်နှင့် ခရီးသွားပြည်သူများကို ကျန်းမာရေးစစ်ဆေးခြင်းများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းကြေညာနိုင်ရေး မဲစာရင်းစိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းကြေညာရာတွင် မဲစာရင်းများပြည့်စုံ မှန်ကန်စေရန် ယမန်နေ့ညနေ ၃ နာရီက မင်းလှမြို့ အခြေခံပညာ အထက်တန်း ကျောင်း မင်းလက်ဝါးခန်းမတွင် မဲစာရင်းစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် Quarantine ဝင်ရောက်နေသော ကျန်းမာရေးဝန်ထမ်း(၇၄)ဦးအား မြို့သူမြို့သားများက ကျပ်သိန်း ၄၀ ကျော် လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်ထမ်း(၂)ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီးသည့် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ မြို့နယ် ဆရာဝန်ကြီး၊ လက်ထောက်ဆရာဝန်၊ သူနာပြုများ၊ အထွေထွေလုပ်သားများက ဆေးရုံဝန်းအတွင်းတွင် Quarantine ဝင်ရောက်လျက်ရှိရာ Hospital Quarantine (၁၂)ဦးနှင့် Home Quarantine (၆၂)ဦး စုစုပေါင်း (၇၄)ဦးရှိကြောင်း သိရသည်။

အောင်လံမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်းပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု တစ်စုလျှင်ငွေကျပ်-၂၀၀၀၀နှုန်း တတိယအကြိမ် ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်းပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင်ငွေကျပ်-၂၀၀၀၀နှုန်း တတိယအကြိမ်ထောက်ပံ့ပေးအပ်မှုကို ယမန်နေ့ နံနက်(၁၀)နာရီကစတင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ ကြီးကြပ်၍ ရပ်ကွက်၊ ကျေးရွာများ အထိသွားရောက်ထောက်ပံပေးအပ်ခဲ့ကြောင်းသိရသည်။

ချောင်းသာမြို့ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား(Take Away) (ပါဆယ်)စနစ်ဖြင့် ရောင်းချရန်အသိပေးနှိုးဆော်ကာ စစ်ဆေးမှုများပြုလုပ်

ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဖွင့်လှစ်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များကို (Take Away)(ပါဆယ်)စနစ်ဖြင့်သာ ရောင်းချရန် အတွက် အသိပေးနှိုး ဆော်ထားပြီး စစ်ဆေးမှုများကို ရွှေသောင်ယံမြို့ စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့ ညနေပိုင်းက စတင်ကာ စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မကွေးမြို့နယ်၊ တောင်ခွင်ကျေးရွာအုပ်စု၊ မကျီးကန်ကျေးရွာကို အသွားအလာတားမြစ် ကန့်သတ်သည့် ကျေးရွာအဖြစ် သတ်မှတ်ကြော်ငြာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးတို့အတွက် လိုအပ်သော အမိန့်၊ ညွှန်ကြား ချက်များ ထုတ်ပြန်လျက်ရှိသည်။ ယခုအခါ မကွေးမြို့နယ်တွင်

ကွတ်ခိုင်မြို့၌ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များက ဒုတိယအကြိမ် စုပေါင်းသွေးလှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက လာမည့်အောက်တိုဘာ (၁)ရက်နေ့တွင် ကျရောက် မည့် (၅၆)နှစ်မြောက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဒုတိယအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်း ခြင်းကို ယမန်နေ့ နံနက်ပိုင်း၌ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သည်။
Subscribe to