လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလိုက်လံ နှိုးဆော်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်နိုင်ရေးအတွက် ပြည်သူများသိရှိစေရန် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၅)နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။

ကသာမြို့ရှိ သီရိခေမာဈေးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့နယ် စည်ပင်သာယာရေး ကော်မတီ တို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက

တန့်ယန်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် နိုင်ငံတော်မှ ချီးမြှင့်ထောက်ပံ့ပေးအပ်သည့် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်၍ ယမန်နေ့ ညနေပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်သည်။

မိုင်းရယ်မြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ ကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျန်းမာရေးသုံးပစ္စည်းများထောက်ပံ့

မိုင်းရယ်မြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေကျပ် ၂၀,၀၀၀ နှုန်း ထောက်ပံ့ပေး အပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက မိုင်းရယ်မြို့၊ ရပ်ကွက်(၁)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဗိုလ်တထောင်မြို့နယ်တွင် Quarantine center ထားရှိရေးနှင့် လိုအပ်ချက်များ ပံ့ပိုးကူညီရေး ညှိနှိုင်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နှင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် quarantine center ထားရှိရာတွင် လိုအပ်ချက်များ ပံ့ပိုးကူညီပေးရေး၊ တာဝန်ခွဲဝေရေးနှင့်

ပန်းတနော်မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/ မရှိ ကို ယမန်နေ့ညပိုင်းက လိုက်လံစစ်ဆေးခဲ့သည်။

တန့်ဆည်မြို့တွင် စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုအား ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင် များအား ဆိုင်ထိုင်ရောင်းချခြင်း မပြုရန်နှင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားရှိရာ ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်း ရှိ၊ မရှိ တာဝန်ရှိသူများက ယနေ့နံနက် (၈) နာရီအချိန်က ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်များနှင့်အညီ ပြည်သူများအား အသိပညာပေး ဆောင်ရွက်သည့်လုပ်ငန်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့အ၀င်လမ်းခွတွင် ဆောင်ရွက်ခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် Quarantine Centre အဖြစ် ဆောင်ရွက်မည့် သိမ်ဖြူလက်ဝှေ့ရုံအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် သိမ်ဖြူလက်ဝှေ့ရုံတွင် ပြင်ဆင်ဆောင်ရွက်ထားရှိသည့် Quarantine Centre ရှိ ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများအား မြို့နယ်တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁၁၁၈၇)စုအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေ များ ပေးအပ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သော ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က မြို့ပေါ်(၄)ရပ်ကွက်၌ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to