ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မှတ်ပုံတင်ကတ်ပြား မရရှိသေးသည့် ပြည်သူ ၁၀၇၇ ဦးအား မှတ်ပုံတင်ကတ်များပေးအပ်

ပုသိမ်  စက်တင်ဘာ  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ နိုင်ငံသား စိစစ်ရေးကတ် မပြုလုပ်ရ သေးသည့်သူများအား ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီ ခန့်က မြို့နယ် လဝကရုံးတွင် နိုင်ငံသား စိစစ်ရေးကတ် များပေးအပ်ခြင်းကို ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့ လာရောက်သူများအနေဖြင့် ရုံးဌာနအတွင်း မဝင် ရောက်မီ လက်ဆေးခြင်း၊ မျက်နှာအကာနှင့် နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ ရုံးအတွင်းဝင်ရောက် စေခဲ့ပါသည်။ ယခု နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ရပ်ကွက် ၁၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃ အုပ်စုမှ နိုင်ငံသား စိစစ်ရေးကတ် မရှိသေးသည့် လူဦးရေ ၁၀၇၇ ဦးကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာန  တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းခိုင်၊ ပုသိမ်ခရိုင်ဦးစီးမှူး  ဦးခင်မောင်မြင့်၊ မြို့နယ်လဝကမှူး ဦးနိုင်ဦးလှိုင်တို့က ပြည်သူ့လက်ဝယ်အရောက်ပေးအပ်ခဲ့ခြင် ဖြစ်သည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့ ပုသိမ်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

မြင့်ဟန် (ပုသိမ်)