ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ် ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကာလအတွင်း အခြေခံလူတန်းစားများသို့ဟင်းစားငါးနှင့် အခြေခံစားကုန်များ လိုက်လံ ထောက်ပံ့လှူဒါန်း

ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ် ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စများ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည့် မြို့ပေါ်ရပ်ကွက်တစ်ချို့ရှိ အခြေခံ လူတန်းစား မိသားစုများအားယနေ့နံနက်ပိုင်းက ဟင်းစားငါးများနှင့်အခြေခံစားကုန် ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက် များကို အိမ်တိုင်ယာ ရောက်လိုက်လံထောက်ပံ့လှူဒါန်းလျက် ရောဂါကာ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အသိပညာပေး လုပ်ငန်းများ စဉ်ဆက်မပြတ်ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ပုသိမ်မြို့၌ နေရပ်ပြန် ၄ ဦးနှင့် အတူနေမိသားစုဝင် ၄ ဦးအား Quarantine ရက်ပြည့်၍ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ နေအိမ်သို့ ပြန်လည်နေထိုင်ခွင့်ပြု

ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့တွင် ရခိုင်ပြည်နယ်မှပြန်လာသူလေးဦးနှင့် အတူနေမိသား စုဝင် လေးဦးတို့အား Facility Quarantine ထားရှိခဲ့ပြီး Home Quarantine ဆက်လက်ဝင်ရောက် နေထိုင်‌စေရာ ယနေ့နံနက်ပိုင်းတွင် Quarantine ရက်များပြည့်မြောက်ကာ မိသားစုများမှာလည်း ကျန်းမာရေး ကောင်းမွန်သည့်အတွက် ၎င်းတို့မိသားစုအား ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ လွတ်လပ်စွာနေထိုင်သွားလာခွင့်ပြုခဲ့ကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုနှင့် ကွီးလေးကျေးရွာအုပ်စုတို့၌ အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ) အတွက် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ခံစားခွင့်ရရှိသော အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို ယမန်နေ့က မဲသမကျေးရွာနှင့် ကွီးလေး ကျေးရွာတို့တွင် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

ကွတ်ခိုင်မြို့၌ အများပြည်သူ နှာခေါင်းစည်း တပ်ဆင်စေရေးအတွက် လူမှုရေးအသင်း အဖွဲ့များက နှာခေါင်းစည်း အခမဲ့ဖြန့်ဝေပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့အတွင်း ပြည်ထောင်စုလမ်းမပေါ် သွားလာသည့် ခရီးသွားပြည်သူများ၊ မြို့မဈေး အတွင်း/အပြင်နှင့် လူစည်ကားရာ နေရာများသို့ ကွတ်ခိုင်မြို့၊ ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းနှင့် အခြားသော လူမှုရေး အသင်းအဖွဲ့များက ယမန်နေ့ နံနက်ပိုင်း၌ နှာခေါင်းစည်းများနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းများ အခမဲ့ လိုက်လံ ဖြန့်ဝေပေးသည်။

ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲဝင်များ အား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် (၉) နာရီက အလက-၁ (ထခွဲ) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်းဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားသည်။

နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ် အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံမှလာရောက်သည့် MT.K K NO.3 သင်္ဘောပေါ်မှ သင်္ဘောသား(၇)ဦး၊ တရုတ်နိုင်ငံမှလာရောက်သည့် M.V SUNLEAF STAR သင်္ဘောပေါ်မှ သင်္ဘောသား(၁၂)ဦး ၊စင်္ကာပူနိုင်ငံမှလာရောက်သည့် MT DAEHO SUNSTAR သင်္ဘောပေါ်မှ သင်္ဘောသား(၅)ဦး၊ မိုဇမ်ဗစ်နိုင်ငံမှလာရောက်သည့် MT MELATI-4 သင်္ဘောပေါ်မှ သင်္ဘောသား(၁၈)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် MV GRAND EAGLE သင်္ဘောပေါ်မှ သင်္ဘောသား (၁၀)ဦး၊ စုစုပေါင်းသင်္ဘောငါးစီးပေါ်မှ သင်္ဘောသား (၅၂)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျှက်ရှိကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုနှင့် ကွီးလေးကျေးရွာအုပ်စုတို့တွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ လက်ဝယ် အရောက်ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာနှင့် ကွီးလေး ကျေးရွာတို့တွင် လက်ဝယ်အရောက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ရွှေဘိုမြို့၌ နေအိမ်ပြင်ပသွားလာရာတွင် (Mask) တပ်ဆင်ခြင်းမရှိသူ (၁၀) ဦးအား တရားရုံမှ ငွေဒဏ်များချမှတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ နေအိမ်ပြင်ပသွားလာရာတွင် (Mask) တပ်ဆင်ခြင်းမရှိသူ (၁၀) ဦးအား တရားရုံမှ ငွေဒဏ်များချမှတ်ခဲကြောင်း ရွှေဘိုမြို့မစခန်းမှုး ဒုရဲမှူးသိန်းဆန်းဦး ထံမှသိရသည်။

မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့် ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့ပွားမှု မရှိစေရေးတို့ အတွက် မြို့အဝင်၊ အထွက်နေရာများတွင် ယာဉ်စစ်ဆေး ရေး ဂိတ်များချထား ဆောင်ရွက်နေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် တာဝန်ရှိသူများ က ယမန်နေ့ကသွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည် ။
Subscribe to