မြောင်းမြ စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး မကော်မတီဝင်များ ဦးဆောင်၍ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များအား နံနက် ၆ နာရီမှ ည ၁၂ နာရီ အထိနေ့စဉ် ကြပ်မတ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများအား ခရီးစတင်ထွက်လာသည့်ဒေသနှင့် သွားရောက်မည့် ဒေသများကို မှတ်တမ်းရယူခြင်းတို့အပြင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး အသိပညာပေးခြင်း၊ ဆိုင်ကယ်ဖြင့် ခရီးသွား ပြည်သူများအား ဆိုင်ကယ် ဦးထုတ်ဆောင်းရန်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီး သွားလာကြရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)