နတ်မောက် စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ဖွင့်လှစ် သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းတွင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဟေမာလှိုင်ကရပ်ကွက်/ကျေးရွာ အုပ်စုအလိုက်အသုံးပြုရမည့် မဲဆန္ဒရှင်စာရင်းပုံစံများ၊ ကြိုတင်ဆန္ဒမဲပေးခြင်းပုံစံများကိုလည်းကောင်း၊ မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမောင်ကြိုင်က ရပ်ကျေးလမ်းညွှန်ခြင်းများကိုလည်းကောင်း၊ ဦးကောင်းဆက်ဟိန်း ( မြို့နယ် ဥပဒေအရာရှိ)က ဥပဒေအကြောင်း သိကောင်းစရာများကိုလည်းကောင်း ၊ ဒေါက်တာဝင်းစည်သူ (မြို့နယ်ကုသရေးဦးစီးဌာန)က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များ ကိုလည်းကောင်း၊ ဦးဇော်လင်း (မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်)က ကြိုတင်မဲပေးနိုင်သည့် အကြောင်းအရာ များကို လည်းကောင်း အသီးသီးသင်ကြားပို့ချသွားမည်ဖြစ်သည်။
နတ်မောက်မြို့နယ်အတွင်း ရပ်ကွက် ( ၇ ) ရပ်ကွက်နှင့် ကျေးရွာအုပ်စု ( ၇၃ ) အုပ်စုရှိရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် စုစုပေါင်း ( ၄၈၉ ) ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်သည့်အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီ စက်တင်ဘာ ( ၁၇ ) ရက်နေ့တွင် သင်တန်းသား/သူ ( ၂၄၅ ) ဦး နှင့် စက်တင်ဘာ ( ၁၈ ) ရက်နေ့တွင် သင်တန်းသား/သူ( ၂၄၄ ) ဦးတို့ဖြင့်အခန်း(၈)ခန်းခွဲ၍သင်တန်းကာလ (၂)ရက်ကြာပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း( နတ်မောက် )