မလှိုင်မြို့နယ်၌ အခြေခံလူတန်းစား အိမ်ထောင်စု(၂ဝ၅ဝဝ)ကို တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန် ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံငွေများပေးအပ်ပွဲ ကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ရပ်/ကျေးစာရေးများမှ တဆင့် ပေးအပ်ခဲ့ကြောင်းသိရသည် ။

တောင်ကြီးမြို့၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ရပ်ကွက်၊ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်စေရန် အတွက် တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် အမှတ်(၁၅)အခြေခံပညာ အလယ်တန်းကျောင်း ကံ့ကော်ဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့နယ်မြေအတွင်း ဒုစရိုက်မှုများမဖြစ်ပွားစေရေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့နယ်မြေအတွင်း ဒုစရိုက်မှုများမဖြစ်ပွားစေရေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ညနေပိုင်းအချိန်များတွင် ရက်သတ္တပတ်(၁)ပတ် လျှင်(၄)ရက်နှုန်းဖြင့် လှည့်လည်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

မြောင်မြို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ရပ်ကွက်ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသုံးဆောင် ပစ္စည်းများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြိို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများအတွက် အသုံးဆောင်ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။

မကွေးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၃၂၅၈၆)စုတို့ အတွက် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စု တစ်စုလျင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲ အချိန်က မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။

မေတ္တာမြို့၌ အသိပညာပေးနံရံကပ်စာစောင်များပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယမန်နေ့ နေ့လယ်ပိုင်းက ရုံးအရှေ့မြေစိုက်ဘုတ်များတွင်ကိုဗစ်-၁၉ ရောဂါ အသိပညာ ပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာ ပေးစာစောင်များနှင့် ဒေသလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို ပြသဆောင် ရွက်ခဲ့ကြသည်။

ပုလဲမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၃၀၀၀၀ ကျော်အတွက် နိုင်ငံတော်အစိုးမှ ထောက်ပံ့သည့် ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၃၀၀၀၀ ကျော် အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ထံသို့ လွှဲပြောင်းပေးအပ်ပွဲ ကို ကျင်းပခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ အား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွား သင်တန်းကို ယမန်နေ့ နံနက် ၉နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။

ဝန်းသိုမြို့နယ် ခပ်ချိုကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ စတုတ္ထအကြိမ်မြောက် ထုတ်ချေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဆင်းရဲသော မိသားစုများ ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍
Subscribe to