​ကျောက်တံတားမြို့နယ် Community Based Facility Quarantine Centre အတွက် အလှူ​ငွေနှင့် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ရေးသုံးပစ္စည်းများ လာ​ရောက်လှူဒါန်း

​ကျောက်တံတား စက်တင်ဘာ ၁၈

​ကျောက်တံတားမြို့နယ် (၃၉)လမ်းရှိ ထက်မိသားစုနှင့် Economics Flower Garden Co. Ltd ပိုင်ရှင် ဦးလှမင်း+ ဒေါ်ချိုချိုလွင် မိသားစုတို့မှ Community Based Facility Quarantine Center အတွက် လိုအပ်သော ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ရေး ပစ္စည်းများအား ယမန်​နေ့​ ​နေ့လယ်က ကျောက်တံတား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လာ​ရောက်လှူဒါန်း​ပေးခဲ့​​ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ​ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနအတွက် PPE One Set (၁၀)စုံ၊ PPE (၁၃)စုံ၊ Surgical Glove (၆)ဘူး၊ N95 (၁)ဘူး(၂၀ပါ)၊ Cap (100ပါ)(၁)ဘူး၊ ဆေးဖျန်းပုံး (၂)ပုံး၊ ဆေးရည်(၂)ပုလင်း၊  Rubber Boot (၁)စုံနှင့် လင်းလက်လူမှုကူညီရေးအသင်းအတွက် PPE (၅)စုံ၊ PPE One Set (၁၀) စုံ၊ ဆေးဖျန်းပုံး(၁)ပုံး၊ Glove (၁၀၀ပါ)(၅)ဘူး၊ Cap(၁)ထုပ်၊ N95 (၂၀ပါ)(၁)ဘူး၊ နှင့် အလှုငွေကျပ်(၁၀၀၀၀ဝိ/-) တိတိကို လာရောက်လှုဒါန်း​ပေးခဲ့​ကြောင်း သိရသည်။

​ရွှေနန်း​မေ