ထန်းတပင် (ရန်ကုန်) စက်တင်ဘာ ၁၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်နှံမှုများမရှိစေရေးအတွက် ဓာတ်ခွဲ အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်း ကျောင်း (Community Base Quarantine Centre) တွင် အသွားအလာများ ကန့်သတ်ထားကာ စောင့်ကြည့်မှုများကို ဆောင်ရွက်ထားရှိပြီး ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ Quarantine Centre သို့ မြို့မပရဟိတလူငယ်အဖွဲ့က ရောဂါကြိုတင်ကာကွယ်သုံးပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြ သည်။
ထို့သို့လှူဒါန်းရာတွင် ထန်းတပင်မြို့မ ပရဟိတလူငယ်အဖွဲ့ဝင်များ Quarantine Centre တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသူများအတွက် ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် မျက်နှာအကာ (Face Shields) အခု(၃၀)၊ နှာခေါင်းစည်း(Mask)အခု(၅၀)ပါ (၇)ဘူး၊ လက်သန့်ဆေးရည်(Hand Sanitizer) (၁၀၀ ML)ဘူး (၃၀)၊ လက်အိတ်အစုံ (၅၀) နှင့် MMK 9.2 Liters ဆေးရည်(၁)ပုံးတို့ကို ထန်းတပင်မြို့နယ် “စေတနာ” နာရေးကူညီမှုအသင်းဥက္ကဋ္ဌ၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသောင်းလွင်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်ပျံနှံမှုများ မရှိစေရေးအတွက်လည်း နေအိမ် ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာနိုင်ရေးအတွက် အသိ ပညာပေးနှိုးဆော်မှုများနှင့် နှာခေါင်စည်းတပ်ဆင်သွားလာရေး လှုပ်ရှားမှုများကို မြို့နယ်တာဝန်ရှိသူ များနှင့် ပရဟိတအဖွဲ့များက ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)