ပုလော စက်တင်ဘာ ၁၈
လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ပုလောမြို့နယ်ရုံး၊ မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်နှင့် ၀န်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာ၀န်ခံများနှင့် ပူးပေါင်း၍ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် သဘာ၀ဘေး အန္တရာယ်များအကြောင်း သိရှိစေရန် အသံချဲ့စက်များဖြင့် ယမန်နေ့ နံနက်(၈) နာရီက အချိန်က လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ရာတွင် ပုလောမြို့ နယ်၊ပုလောကုန်း ကျေးရွာအုပ်စုတွင် ပုလောကုန်း၊ နတ်အိမ်တောင် (စံပြ)၊ ၀က်တိုး၊ မြို့ဟောင်း၊ တောင်ပုလဲ၊ တမိုင် စသည့် ကျေးရွာ(၆)ရွာ တွင် ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့်ပြည်သူများ တိကျစွာ လိုက်နာနိုင်ရေး အတွက် ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေငြာချက်များ ဖြစ်သည့် လူစု၊လူဝေးသွားရောက်ခြင်း ရှောင်ကျဉ်ကြရန်၊ ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ကြ ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကို စနစ်တကျ ဆေးကြော သန့်စင်ကြရန် စသည့် ကာကွယ်ရေး နည်းလမ်း များကို ပြည်သူများ သိရှိစေရန် နှင့် သဘာ၀ ဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)