ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကာလအတွင်း KTV ဖျော်ဖြေရေးဆိုင်များ ဖွင့်လှစ်နေခြင်း ရှိ၊မရှိ ရှောင်တခင်စစ်ဆေး
ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် KTV ဖျော်ဖြေရေးဆိုင်များအား ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လမ်းညွှန်ချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ၊မရှိကို စစ်ဆေးရေးအဖွဲ့မှ ယမန်နေ့ ည ၇နာရီခွဲအချိန်က ဟားခါးမြို့၊ KTV ဖျော်ဖြေရေးဆိုင်များအား ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရသည်။