ကြို့ပင်ကောက် စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သူတစ်ဦးနှင့် ထိတွေ့ခဲ့သော သူများ၏ နှာခေါင်းနှင့် အာခေါင်တို့ပတ်များကို ယနေ့ နံနက် ၇ နာရီတွင် ရယူ၍ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ(ရန်ကုန်)သို့ ပေးပို့စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သူနှင့် ထိတွေ့ခဲ့သူများအား အထက(ကြို့ပင်ကောက်) Facility Quarantine Centre တွင် (၁၀)ဦး၊ မြို့နယ်ပြည်သူ့ဆေးရုံ Hospital Quarantine တွင် ထားရှိသူ (၅)ဦး၊ အောင်မြင်မြင့်မိုရ် ပုဂ္ဂလိကဆေးရုံ Hospital Quarantine တွင် ထားရှိသူ (၂)ဦးနှင့် ညောင်လှကျေးရွာမှ အနံ့မရရှိသူ သံသယလူနာ(၁)ဦးတို့၏ နှာခေါင်းနှင့်အာခေါင်တို့ပတ်များကိုရယူပြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ (ရန်ကုန်)သို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အထက်ပါ ပေးပို့စစ်ဆေးသွားမည့် ဓာတ်ခွဲနမူနာများ၏ အဖြေကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် အဖြေ သိရှိရမည်ဖြစ်ပြီး ကြို့ပင်ကောက်မြို့ပေါ်တွင် ဖွင့်လှစ်ထားသော Quarantine Centre (၃)ခုတွင် ပြည်ပပြန် (၃)ဦး၊ မြဝတီပြန်(၁)ဦး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာကြသူများမှာ စုစုပေါင်း ၇၆ ဦးရှိ ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)