ရေဖြူမြို့နယ်တွင် ဌာနဆိုင်ရာရုံးများ၏ ရုံးအဝင်ပေါက်များ၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ရုံးဝန်ထမ်းများအချင်းချင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ဌာနဆိုင်ရာ ရုံးများ၏ ရုံးအဝင်ပေါက်များ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုယ် အပူချိန် တိုင်းတာစစ်ဆေးခြင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ၊ (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများက မိမိတို့ကျေးရွာများရှိ သက်ကြီးဘိုးဘွား များထံ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များသို့ တတိယအကြိမ် ငွေကျပ်(၂၀၀၀၀) နှုန်းထောက်ပံ့

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများသို့ တတိယအကြိမ်မြောက် ငွေကျပ်(၂၀၀၀၀)နှုန်း ထောက်ပံ့ပေးအပ်ပွဲကို၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၊ စကားဝါမြေခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကောလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ကျေးရွာအုပ်စုအချို့၌ ရေကြီးရေလျှံမှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ကောလင်းမြို့နယ်တွင် စက်တင်ဘာ ၁၄ ရက်နေ့မှ ယနေ့ထိ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မိုးရေချိန် ၁၅.၈ လက်မရှိခဲ့ပြီး   ကျေးရွာအုပ်စုအချို့၌တွင်   ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။  

မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ လွှဲပြောင်းပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်း ငါးမွေးတောင်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)တွင် ပါဝင်သော Action Plan အရ ငါးသားပေါက်များ ထောက်ပံ့လွှဲပြောင်း ပေးအပ်ခြင်း(တတိယအကြိမ်)ကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။

ရွှေကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် နေ့/ည မပြတ် စစ်ဆေးမှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ရွှေကျင် မြို့နယ်တွင် ကိုဗစ် −၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် နေ့/ည မပြတ် ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဘောလခဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း  တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း တတိယအကြိမ် ထောက်ပံ့ငွေပေးအပ် ခြင်းကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။

ဝေါမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းကို ဝေါအ.ထ.ကကျောင်း ရွှေသဇင်ဆောင်တွင် အဖွဲ့(၄)ဖွဲ့ခွဲကာ ယ‌နေ့(၉)နာရီအချိန်က မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန်အတွက် ရပ်/ကျေး ကော်မရှင်အတွင်းရေးမှူးများအား (၁၇-၉-၂၀၂၀) ရက်နေ့မှ (၁၈-၉-၂၀၂၀)ရက်နေ့အထိ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
Subscribe to