ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ကျောင်းကုန်းလမ်းခွဲကျေးရွာ၌ GAW LAH အမျိုးသမီးများ အဖွဲ့မှ ရေမလို လက်သန့်ဆေးရည်ဗူးများ ဖြန့်ဝေ

လိပ်သို   စက်တင်ဘာ ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့    ကျောင်းကုန်းလမ်းခွဲကျေးရွာ၌ GAW LAH  FOUNDATION ၏ပံ့ပိုးမှုဖြင့် ကျောင်းကုန်းလမ်းခွဲ ကျေးရွာ GAW LAH အမျိုးသမီးများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ရေမလို လက်သန့် ဆေးရည် ဗူးများနှင့် Mask   များကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဖြန့်ဝေရာတွင် GAW LAH  FOUNDATION ကျောင်းကုန်းလမ်းခွဲကျေးရွာအဖွဲ့၏ ဥက္ကဋ္ဌ နော်ရုသနှင့် ကော်မတီ၀င်များက မိမိတို့ကိုယ်တိုင် ဖျော်စပ်ထုတ်လုပ်ထားသော ရေမလို လက်သန့်ဆေးရည်ဗူးများအပြင် အဖွဲ့၏ စုဆောင်းရံပုံငွေဖြင့် ဆီနှင့် ကြက်ဥများကို ကိုဗစ်-၁၉ ကာလအတွင်း အထောက်အကူဖြစ်စေရန် အဆိုပါ ကျေးရွာရှိ အိမ်ထောင်စု၀င် များအား အိမ်တိုင်ရာရောက် လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)