ကျွန်းစုမြို့တွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကျွန်းစု စက်တင်ဘာ ၁၈

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့နယ်၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမောင်ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်အင်အား စုစုပေါင်း (၃၅)ဦးတို့က အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ် ပြည်သူ့ဆေးရုံအရှေ့ လမ်းဘေးဝဲယာ၌ ချုံနွယ်မြက်ပင်များ ရှင်းလင်း ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အမှိုက်များအား စနစ်တကျစွန့်ပစ် ပေးခဲ့ကြောင်း သိရသည်။
မင်းကျော်စော (ပြန်/ဆက်)