နောင်မွန်မြို့နယ်၌ ပြည်သူများ မဲပေးရာတွင် ဆုံးရှုံးမှုမရှိစေရန် ခိုင်လုံမဲ ပယ်မဲ နမူနာပုံစံများ ကပ်ထားပေး
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြိုနယ် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြည်သူများ မဲပေးရာတွင် ဆုံးရှုံးမှုမရှိစေရန် ခိုင်လုံမဲ၊ ပယ်မဲနမူနာပုံစံများကို စက်တင်ဘာ(၂၀) ရက်နေ့ နံနက်(၁၀)နာရီက ကပ်ထားပေးကြောင်းသိရသည်။