ရှမ်းရွာသစ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးရေးအတွက် မြို့အဝင်/အထွက် စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်

ရှမ်းရွာသစ်၊ စက်တင်ဘာ  ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ကိုဗစ် -၁၉ ရောဂါမှ ကင်းဝေးစေရန်၊ ဆင့်ပွားကူးစက်မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းမှစ၍ မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း တစ်ကျော့ပြန်မြင့်မားလာသည့်အတွက် ခရီးသွားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် Mask တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ နေရပ်လိပ်စာနှင့် သွားရောက်သည့်ခရီးစဉ်များအား စနစ်တကျမှတ်တမ်းရေးသွင်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ စည်းကမ်းချက်များပြောကြားပေးခြင်း၊ Hand Gel ဖြင့် လက်များစနစ် တကျ သန့်စင်ပေးခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ နေ့စဉ်နံနက် (၇) နာရီမှ ညနေ (၅) နာရီအထိ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)