ဘုတ်ပြင်းမြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စု (၇၅၁၈)စုအား ထောက်ပံ့ငွေများထောက်ပံ့ငွေပေးအပ်

ဘုတ်ပြင်း   စက်တင်ဘာလ   ၂၂   

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော် အစိုးရက အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ် ခြင်းကို ယမန်နေ့က ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု(၇၅၁၈) သို့ ထောက်ပံ့ပေးအပ်သည်။

ထောက်ပံ့ပေးအပ်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင်က နိုင်ငံတော်မှ အခြေခံလူတန်းစားများကို ပထမအကြိမ် အခြေခံစားသောက်ကုန် မျိုးကိုလည်းကောင်း၊ ဒုတိယအကြိမ်  ငွေကျပ်နှစ်သောင်း ကျပ်တိတိကို လည်းကောင်း၊ တတိယအကြိမ် ငွေကျပ်နှစ်သောင်း ကျပ်တိတိကို လည်ကောင်း ၊  ယခုစတုတ္ထအကြိမ် ငွေကျပ်နှစ်သောင်း ကျပ်တိတိကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ငွေများကိုသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ ရောက်ရှိပါက အခြေခံလူတန်းစား များလက်ဝယ် အရောက် အမြန်ထုတ်ပေးသွားကြရန် ဆွေးနွေးပြောကြားသည်။

ယင်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများက  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေး များထံသို့ ထောက်ပံ့ငွေများပေးအပ် ခဲ့ကြောင်းသိရသည်။

သန်းထွန်းဦး( ပြန်/ဆက်)