သရက်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကာကွယ်ရေး ပစ္စည်းများ လှူဒါန်း

သရက် စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊  သရက်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် ဆရာတော်၊ သံဃာတော်များနှင့် အလှူရှင်များက ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်း ခြင်းကို ယမန်နေ့ နံနက်ပိုင်းက သရက်မြို့ပြည်သူ့ဆေးရုံတွင် ကျင်းပခဲ့သည်။

အဆိုပါ လှူဒါန်းပွဲတွင် 3M Mask (၁၀၀) ခု၊ မျက်မှန် (၁၀၀)ခု၊ လက်အိပ် (၁၀၀) ပါ (၂၀) ဗူး၊ လက်အိပ်ရှည် (၇၅) စုံ၊ ခွဲခန်းဝတ်စုံ (၅၀) စုံနှင့်  ခွဲခန်းခေါင်းစွပ်(၅၀)စုံ၊ စုစုပေါင်း တန်ဖိုးကျပ် (၁၃၇၅၀၀၀/-) တန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို ဆရာတော်၊ သံဃာတော်များနှင့် အလှူရှင်များက အသီးသီးလှူဒါန်းခဲ့ကြရာ သရက်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွှေအောင်က လက်ခံရယူခဲ့ပြီး မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။      

ဇော်ဝမ်းထွန်း