ကျေးရွာဖွံ့ဖြိုးရေး စီမံချက် ရေးဆွဲနည်းသင်တန်း သထုံတွင် ဖွင့်လှစ်
သထုံ ဇန်နဝါရီ ၉
မွန်ပြည်နယ်၊ သထုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက သထုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် သထုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သထုံခရိုင် ဦးစီးဌာနမှူး ဦးမိုးဝင်းက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။