စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံဧက (၁၄)သိန်းကျော်စိုက်ပျိုးပြီးစီး
မုံရွာ ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလကုန်အထိ ဆီထွက်သီးနှံမျိုးစုံ (၁၄၀၄၈၂၈) ဧကကို စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။