မင်္ဂလာဒုံ​မြို့နယ် Community Base Facility Quarantine Centre သို့ အလှူငွေကျပ် သိန်း(၃၀)နှင့် PPE ဝတ်စုံ (၁၀၀) လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် မြို့နယ် အတွင်း ရောဂါကူးစက်ပြန့်နှံမှုများ မရှိစေရေးအတွက် ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း Community Base Facility Quarantine Centre) တွင် သီးခြားနေထိုင်စောင့်ကြည့်မှုများ ဆောင်ရွက်ထားရှိရာ ၎င်း Quarantine ဝင်ရောက်‌နေသူ ကျား (၇၂)ဦး၊ မ (၁၀၁)ဦး၊ စုစုပေါင်း (၁၇၃)ဦးနှင့် စေတနာ့ဝန်ထမ်း အတွက် အလှူရှင်များက အလှူငွေများနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယမန်နေ့ ညနေ ၅ နာရီက အဆိုပါ စင်တာသို့ လာ​ရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကွမ်တာကျေးရွာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၃၇၅) စုအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ သော ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့က ကွမ်တာကျေးရွာ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား

မင်္ဂလာဒုံမြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကို Community Base Facility Quarantine Centre အဖြစ် ထပ်မံတိုးချဲ့ဖွင့်လှစ်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများမရှိစေရေး ကြိုတင်ကာကွယ်သည့် အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား သီးခြားနေထိုင်စောင့်ကြည့်မှုများကို ပြုလုပ်သွားနိုင်ရေးအတွက် Community Base Facility Quarantine Centre အဖြစ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းကို စက်တင်ဘာ ၂၀ ရက်နေ့ မှ စတင်၍ ထပ်မံတိုးချဲ့ဖွင့်လှစ်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အင်္ဂပူမြို့တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေး ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အင်္ဂပူမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆောမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင် ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့သော ထောက်ပံ့ ငွေများကို မြို့ပေါ် ရပ်ကွက်များမှ အခြေခံလူတန်းစားအိမ်ထောင်စု (၆၀၄) စုအား

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပျံ့နှံခြင်းမှ ထိန်းချုပ် နိုင်ရေးအတွက် မိမိအိမ်တွင်သာ နေထိုင်ကြရန် လိုက်လံနှိုးဆော်

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင်ကိုဗစ်- ၁၉ ရောဂါကူးစက်ပျံ့နှံ့ခြင်းမှ ထိန်းချုပ်နိုင်ရေး အတွက် မိမိ နေအိမ် တွင်သာ နေထိုင်ကြရန် လိုက်လံနှိုးဆော်ခြင်းကို မြို့ပေါ်ရပ်ကွက်များတွင် ယမန်နေ့ နေ့လယ်ပိုင်းက လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၃၄၆၀၃)စုအတွက် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ ကျပ်(၂၀၀၀၀)နှုန်း ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမျိုးသန့် မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်းများအား မျိုးကွဲပယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုမရှိစေရေးနှင့် သီးနှံအထွက်နှုန်း ပိုမိုကောင်းမွန် တိုးတက်စေရေးအတွက် ဧရာမင်းမျိုးစေ့ထုတ် စပါးစိုက်ခင်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အင်တိုင်းကျေးရွာ တောင်သူဦးစိုးရွှေ၏ စပါးစိုက်ခင်း(၁၁.၅၀)ဧကတွင် မျိုးကွဲပယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်၊ အင်ပင်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ဝန်ထမ်း အိမ်ရာ ဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပညာရေးကဏ္ဍ အဆင့်မြင့် မားရေးအတွက် အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အင်ပင်လှကျေးရွာ
Subscribe to